တိတ်တခိုး ဘဝ

စိတ်မဆိုးရစ်ပါနဲ့

တိတ်တခိုးအချစ်နဲ့ ချစ်ရသူ....။

အပြစ်ဒဏ်သားလိုဖြင့်

အချစ်ခံစားခွင့် မရှိတဲ့သူ.....။

သတိထားထိန်းပေမယ့်

အသိတရားလေးတွေ တိမ်းခဲ့သူ....။

ပြန်သိမ်းထားပါရဲ့

ကံစိမ်းကားတွေ ပြုမိသူ.....။

သူ့အကြောင်းတွေးလျင်ဖြင့်

ဆုတောင်းလေးတွေ ပန်မိသူ....။

ကံဝေးကြပေမယ့်

ကံပေးလှပါစေ ချစ်သူ...

လေလွင့်သူ

တစ်စိမ့်စိမ့်ယိုဖိတ်

ကျွမ်းဝင်စိတ်နဲ့

တမ်းတကာမျှော်

အိပ်မက်မျှမပေါ်တော့

ဝမ်းနည်းပြိုအတ်

မျက်ရည်စက်ကို

တားဆီးဖို့လဲခက်ပြန်တယ်။

ဆောက်တည်ရာကင်း

ဖော်မဲ့ကြွင်းမို့

ရော်ဝါရွက်ကြွေ

မိုးသက်ခြွေ၍

လမ်းထက်မြေလူး

လှိုင်းလေမူးသလို 

လေနှင်ရာပြေး

ဆယ်သူဝေးနေဆဲပါလေ။

သတိရပေးပါ…ချစ်သူ

တိုးတိုးလေးနဲ့

တိတ်တိတ်လေးလွမ်းနေမိတဲ့

ငါနှလုံးသားလေးကို

တခါလောက်

သတိရပေးပါ…ချစ်သူ

လွမ်းကဗျာ

မမေ့ဘူးဆိုတဲ့ စိတ်နဲ့ နင့်ကို လွမ်းတယ်...

နင့် မလွမ်းတဲ့ စိတ်နဲ့  ငါလွင့်စဉ် ခဲ့ရတာပါ....

အမုန်းဆိုတာ အချစ်ရဲ့ ဆန့်ကျင်ဘက်အရပ်

မှာပါ...

ငါ နဲ့ ခပ်စိမ်းစိမ်းပေါ့  .......

လွမ်းဆွေးမူတွေ ကြားမှာ ..

ငါ တိတ်တိတ်လေး..သေသွားခဲ့ တာ ပါ..........

မနေ့က နေ့ကွယ်ခဲ့တယ် 

မနက်ဖြန်လည်း နေသာနေအုံးမှာပါ...

မနေ့ကချစ်ခဲ့ သလို မနက်ဖြန်တွေမှာလည်း ငါ

မမေ့ဘူး...

ချစ်သူပြောင်းလဲ ခြင်းတရားတွေကို  ...

ကျောပေး  ချစ်ခြင်းတရားတွေနဲ့ တေးသီ  မင်းကို

ချစ်တယ်  ....

တိုးတိုးလေး  ညည်းဆို ဆဲပါ

ချစ်သူ....အရမ်းလွမ်းတယ်.......